ကြော်ငြာစာအမှတ် - ကြော်ငြာစာအမှတ်၊ ၃/၂၀၂၄


၁၇/၁၂/၂၀၂၄
၁၂/၀၁/၂၀၂၅


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန

အားကစားမှူး

အမြဲတမ်း

ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်

ပညာအရည်အချင်း ဘွဲ့အုပ်စုများ ဝန်ထမ်း အသက် (ကျား) ပြင်ပ အသက် (ကျား) ဝန်ထမ်း အသက် (မ) ပြင်ပ အသက် (မ)
မှ ထိ မှ ထိ မှ ထိ မှ ထိ
တက္ကသိုလ်တစ်ခုခုမှဘွဲ့ တက္ကသိုလ်တစ်ခုခုမှဘွဲ့ ၁၈ ၃၅ ၁၈ ၃၀ ၁၈ ၃၅ ၁၈ ၃၀


အဆိုပြုဘွဲ့များမှလွဲ၍ ပြည်ပတက္ကသိုလ်မှ ရရှိသော အလားတူဘွဲ့များကို လက်ခံရယူလိုခြင်းမရှိပါ။ ရာထူးမှထုတ်ပယ်ခြင်း/ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခံရသူအား လက်ခံရယူလိုခြင်းမရှိပါ။ အားကစားနည်းတစ်ခုခုတွင် အနိမ့်ဆုံး ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ရွေးစင်အဖြစ် (၂)ကြိမ်နှင့်အထက် ကစားဖူးပြီး ဆုတံဆိပ်တစ်ခုခုရရှိသူ။ - လုပ်ငန်းလိုအပ်ချက်အရ (ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ရေကူး၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူရှူး၊ လှေလှော်၊ ရွက်လှေ၊ လက်ဝှေ့) အားကစားနည်းများကို ဦးစားပေးရွေးချယ်သွားပါမည်။ - B.Sc(Sports)ဘွဲ့ရရှိသူအား အားကစားအရည်အချင်း လျှော့ပေါ့စဉ်းစားမည်။ - အားကစားအရည်အချင်းနှင့်ပတ်သက်သည့် အထောက် အထားကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်၏ ထောက်ခံချက်ဖြင့် ပူးတွဲတင်ပြရမည်။ - ရွေးချယ်ခြင်းမခံရမီ အဓိကအားကစားအရည်အချင်းနှင့်ကြံ့ခိုင်သန်စွမ်းမှုစစ်ဆေးမည်။ - ရွေးချယ်ခြင်းခံရပါက မည်သည့်ပြည်နယ်/တိုင်းဒေသကြီးမဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။ - အားကစားမှူး ရာထူးနေရာများအတွက် ကတိဝန်ခံချက် ချုပ်ဆိုရမည်ဖြစ်ပြီး ဌာနတွင် အနည်းဆုံး လုပ်သက်(၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ လုပ်သက်(၅)နှစ် မပြည့်မီ နုတ်ထွက်ပါက ကျပ်(၁၀၀၀၀၀ဝိ/-) (တစ်ဆယ်သိန်းတိတိ) အား ပေးလျော်စေရန်။ ဆက်သွယ်ရမည့်လိပ်စာ/ ဖုန်းနံပါတ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ရုံးအမှတ်(၃၁)၊ စီမံ/ဘဏ္ဍာဌာနခွဲ၊ နေပြည်တော် - ၀၆၇-၃၄၀၆၀၂၁၊ ၃၄၀၆၂၀၃