ကြော်ငြာစာအမှတ် - ကြော်ငြာစာအမှတ်၊ ၂/၂၀၂၄


၁၀/၁၀/၂၀၂၄
၁၀/၁၁/၂၀၂၄


ကျန်းမာရေးဝန်ကြီးဌာန

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ဦးစီးအရာရှိ(အစားအသောက်)

အမြဲတမ်း

နေပြည်တော်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊

ပညာအရည်အချင်း ဘွဲ့အုပ်စုများ ဝန်ထမ်း အသက် (ကျား) ပြင်ပ အသက် (ကျား) ဝန်ထမ်း အသက် (မ) ပြင်ပ အသက် (မ)
မှ ထိ မှ ထိ မှ ထိ မှ ထိ
ဆေးပညာဘွဲ့ ဆေးပညာဘွဲ့ ၁၈ ၃၅ ၁၈ ၃၅ ၁၈ ၃၅ ၁၈ ၃၅


(က)အလုပ်သင်ဆရာဝန် ပြီးမြှောက်ကြောင်း ထောက်ခံစာဖြင့်လျှောက်ထားသူများအနေဖြင့် အလုပ်ခန့်အပ်ခြင်းခံရပြီး စတင်တာဝန်ထမ်း ဆောင်ကြောင်းသတင်းပို့ချိန်တွင် ဆမ ထုတ် ပေးရန် ထောက်ခံချက်ပေးမည်ဖြစ်ပါသည်။ (ခ)အဆိုပြုဘွဲ့များမှအပ အခြားဘွဲ့များကိုလက်ခံလိုခြင်းမရှိပါ။ - အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အသားတင် လုပ်သက်(၃)နှစ်ပြည့်အောင်နေရာ ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဝန်ထမ်းအဖြစ်ခန့်ထားခြင်းခံရပါက နိုင်ငံ့ တာဝန်အား အနည်းဆုံး(၃)နှစ်တိတိ တာဝန် ထမ်းဆောင်ပါမည်ဖြစ်ကြောင်းနှင့် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက သတ်မှတ်ထားသည့် လျော်ကြေးငွေကျပ်(၁၀)သိန်းတိတိကို ပေးလျော်ရမည်ဖြစ်ပါသည်။ - လျှောက်ထားလိုသူများသည် လုပ်သက်(၃)နှစ်ကာလအတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနနှင့် သက်ဆိုင်သော ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲကိုသာ ကျန်းမာရေးဝန်ကြီး ဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီ ဝင်ရောက်ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဆေးပညာမဟာသိပ္ပံ ဘွဲ့သင်တန်း အောင်မြင်ပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် (၃)နှစ် အနည်းဆုံး ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ - အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဇေယျသိဒ္ဓိရပ်ကွက်၊ စပယ်အိမ်ရာရှေ့၊ ပြည်ကြီး ဇေယျာလမ်း၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ ဖုန်းနံပါတ် -၀၆၇၃-၄၀၃၈၄၇၊ ၀၆၇၃-၄၀၃၅၈၆ ရာထူးမှထုတ်ပယ်ခံရသူများအားလက်ခံရယူလိုခြင်း ရှိ / မရှိ- မရှိပါ။