ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးဖြေအောင်မြင်သူများအား စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမည့်ရက်ပြောင်းလဲကြောင်း အသိပေးကြေညာချက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကြော်ငြာစာအမှတ်(၁/၂၀၂၄)ဖြင့် ပြည်ထောင်စုဝန်ကြီးဌာန နှင့် အဖွဲ့အစည်း( ၂၀ )ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူး ( ၅၃၃ )နေရာအတွက် စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းခံယူမည့်သူများ၏ အမည် စာရင်းကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၏ ၄-၁၀-၂၀၂၄ ရက်စွဲပါ ကြေညာချက်အမှတ်၊ (၆/၂၀၂၄)ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov.mm နှင့် Myanmar National Web Portal တို့တွင် ထုတ်ပြန်ကြေညာထားပါသည်။ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏လူတွေ့စစ်‌ဆေးရေးဘုတ်အဖွဲ့ဝင် များသည် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ရန်ရှိသည့်အတွက် အမည်စာရင်းကြေညာချက်အမှတ်၊ (၆/၂၀၂၄)ပါအမှတ်စဉ်(၇၃)မှ(၁၄၄)ထိစိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းခံယူမည့်သူများသည် မူလသတ်မှတ်ထားသည့်၂၂-၁၀-၂၀၂၄ ရက်(အင်္ဂါနေ့)နှင့်၂၃-၁၀-၂၀၂၄ ရက်(ဗုဒ္ဓဟူးနေ့)များအစား ၂၅-၁၀-၂၀၂၄ ရက် (သောကြာနေ့)နှင့် ၂၆-၁၀-၂၀၂၄ (စနေနေ့)များသို့ ပြောင်းရွှေ့ဖြေဆိုရမည် ဖြစ်ပါသဖြင့် သတ်မှတ်နေ့ရက်များတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အချိန်မီရောက်ရှိ သတင်းပို့နိုင်ရေး ပြင်ဆင်ထားရှိနိုင်ပါရန် အသိပေးအပ်ပါသည်။