ကြော်ငြာစာအမှတ်(၆/၂၀၂၃)နှင့်(၇/၂၀၂၃)လျှောက်ထားသူများသိရှိရန်

ကြော်ငြာစာအမှတ်(၆/၂၀၂၃)နှင့် (၇/၂၀၂၃)တို့မှ လစ်လပ်ရာထူးများအတွက် ရေးဖြေ စာမေးပွဲကို ၁၀ - ၂ - ၂၀၂၄ ရက်(စနေနေ့)နှင့် ၁၁ - ၂ - ၂၀၂၄ ရက်(တနင်္ဂနွေနေ့)များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်စစ်ဆေးမည်ဖြစ်ပါသဖြင့် ကြော်ငြာစာအမှတ် (၆/၂၀၂၃)ဖြင့် ခေါ်ယူထားသည့် လစ်လပ်နေရာများအတွက် လျှောက်ထားပြီးသူများသည် ကြော်ငြာ စာအမှတ် (၇/၂၀၂၃)ဖြင့် ခေါ်ယူထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဌာနစုမှူး(၂)/ တတိယ အတွင်းဝန်(အမျိုးသား/ အမျိုးသမီး)ရာထူး(၂၀)နေရာ၌ ထပ်မံလျှောက်ထားခွင့်မရှိ ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။ ကြော်ငြာစာအမှတ် (၆/၂၀၂၃)တွင် ရာထူး(၂)မျိုးလျှောက်ထားခွင့်ရှိပါသည်။ သို့သော် ကြော်ငြာစာ (၂) ခု ကို တပြိုင်တည်းလျှောက်ခွင့်မရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။