ကြော်ငြာစာအမှတ် (၃/၂၀၂၃) နှင့် (၄/၂၀၂၃) လျှောက်ထားသူများ အားလုံး OES (Online Exam System) Mockup Test စမ်းသပ်ဖြေဆိုရန်ကိစ္စ

၁။ ကြော်ငြာစာအမှတ် (၃/၂၀၂၃) နှင့် (၄/၂၀၂၃) တို့အတွက် လျှောက်ထားသူများအားလုံး အနေဖြင့် OES (Online Exam System) Mockup Test အား မဖြစ်မနေ စမ်းသပ်ဖြေဆိုကြရမည် ဖြစ်ပါသည်။ ၂။ စမ်းသပ်ဖြေဆိုရမည့်ရက်မှာ ၁၇-၆-၂၀၂၃ ရက် (စနေနေ့)နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီ အထိ ဖြစ်ပြီး ဖြေဆိုရမည့် ဘာသာရပ်မှာ အင်္ဂလိပ်စာဘာသာ တစ်မျိုးတည်းသာဖြစ်ပါသည်။ ၃။ ဖြေဆိုရန် Link မှာ https://mockupexam.ucsb.gov.mm/ မှတစ်ဆင့် ဝင်ရောက်ပြီး ကြိုတင်၍ Register ပြုလုပ်ကာ သတ်မှတ်ဖြေဆိုချိန်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုချိန် ပြည့်ပါက စနစ်မှ အလိုအလျောက် ပိတ်သွားမည်ဖြစ်ပါသည်။ ဖြေဆိုမှုပြီးဆုံးပါက ထည့်သွင်း ရမည် Exam Code မှာ 1234 ဖြစ်ပါသည်။ ၄။ OES (Online Exam System) Mockup Test စမ်းသပ်ဖြေဆိုရန်အတွက် သိရှိမေးမြန်း လိုပါက ဖုန်းနံပါတ် ၀၆၇၃၄၀၉၁၆၇၊ ၀၆၇၃၄၀၉၁၇၉၊ ၀၉၄၂၄၄၀၈၉၅၄ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။ ၅။ ယခုစမ်းသပ်ဖြေဆိုမှုသည် ၈-၇-၂၀၂၃ရက်(စနေနေ့) နှင့် ၉-၇-၂၀၂၃ ရက်(တနင်္ဂနွေနေ့) များတွင် ဖြေဆိုမည့် ရေးဖြေစာမေးပွဲများအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ် ပါသည်။